Monday, October 18, 2010

သောကြာနေ့က ရထား

သောကြာနေ့က ရထား
ဘူတာတစ်ခု အ၀င်မှားခဲ့တယ်

အော်သံတွေ ဆူတဲ့ရထား
ဘူတာထဲမှာလဲ စကားတွေများနေတယ်

ရထားကြီး အရောင်ကတော့ အဖြူပါကွဲ့..
ချစ်သူနဲ့ တို့နဲ့တောင် ငေးကြည့်မိသေး
ဒါပေမယ့်

ရထားကြီးက ခက်တယ်
စက်သံလဲ မညက်ဘူး
ဝရူး ၀ရူး ဆိုတော့လေ
ခရီးသည်တွေကလဲ မလေးမစား
ရထားကြီးခမျာ ..မခန့်ငြားဘူးပေါ့..
ရထားကြီးက စကားများတယ်
ရထားကြီးက တော်ကီပွားတယ်
အဲဒီ့ရထားကြီးက မသိရင် မယားကြီး တစ်ယောက်နဲ့တူတယ်
ကပေါက်တိကပေါက်ချာ
တမူးရှူးထိုး
အဲ
တစ်လမ်းထဲပဲ ရိုးရိုးသွားတယ်

ဆိုးသွားတာကတော့

တောက်...
အဲဒီ့သောကြာနေ့က ရထား
သူ့ဘ၀မှာ ဘူတာတစ်ခု အ၀င်မှားခဲ့တယ်...။

4 comments:

  1. ရထားဘူတာဆီ ရောက်ခဲ့တယ်...


    လွမ်းတယ်ကွယ်

    ReplyDelete
  2. ရထားသံလေးများကြားရင်
    အိမ်ပြန်ချင်တဲ့စိတ်လေးတားမရဘူး
    (ဒီမှာတော့ရထားဥသြသံမှမကြားရတာမရဲ့း)

    ခင်မင်လေးစားလျှက်
    မဒမ်ကိုး

    ReplyDelete
  3. ရထားကြီးက ဘာပြောသွားသေးလဲ။ ရထားကြီးကိုစီးတိုင်း အမေ့အိမ်က ရထားတွေကို သတိရမိနေတယ်။


    ခင်တဲ့
    မေသိမ့်

    ReplyDelete
  4. ရထားဆိုတာမျိုးက ဘူတာကြီးတော့ ဆိုက်ရစမြဲဟုတ်
    ဘူတာမှားတာဆိုတော့ လမ်းကြောင်းမှားရွေးမိတာဖြစ်မယ်း)

    ReplyDelete