Thursday, September 29, 2011

ဝင်ရိုးပေါ်မှာ လည်တဲ့ လူလည်

အလွဲတစ်ချီတစ်မောင်းနဲ့
ကိုယ့်လမ်းကြောင်းကိုယ်..နွား လိုကျောင်းခဲ့ရသူ..။
မြို့ကြီးသူ မြို့ကြီးသားများ ပေါင်းကြံရင်
အရာရာ ပြောင်းပြန်လှန်အောင် အ တဲ့ ရွာသူ..။
နားဝေတိမ်တောင်
နားကန်း တစ်လုံးမှ မသိ
အမြဲ နားကားလေ့ရှိတဲ့ ငအူ..။
925 ရယ်၊ငွေရယ်၊ပလက်တီနမ်ရယ်က
သူ့မျက်စိထဲမှာ အတူတူ..။
အူလဲ အူပါရဲ့..။
လူတကာရဲ့ စကားလဲယုံတယ်..။
ကြုံသမျှကိုလဲ အကုန်ချပြီး..ပုံ..ပြတတ်တယ်..
ကဲ မခက်လား..။
ပါးရိုက်သွားရင်တောင် သွားကိုက်တာ လာစမ်းတယ် ထင်တဲ့သူ..။
ရုပ်ကလဲ ခပ်ဆိုးဆိုး..
ပုံစံက ထောင့်မကျိုး..။
ကိုယ့်ဝင်ရိုးပေါ်မှာတော့ ၂၃ ၁/၂ ဒီဂရီပြည့်အောင် ကိုယ့်ဖာသာ လည်တယ်..။


















4 comments:

  1. ကောင်းလှချည်လားဗျ။ ကဗျာအရေးကောင်းသူတစ်ဦးကိုထပ်တွေ့ရတာပါပဲ။ ကျွန်တော့်အထင်ပြောရရင် ခံစားချက်စူးနေအောင်ပါလို့ဖြစ်မယ်။ ကျွန်တော်လည်းတစ်ခါတစ်ခါ လည်ပါတယ်။ အူလည်လည်ကိုပြောတာပါ။ ဒီကဗျာကို ကြိုက်နှစ်သက်ကြောင်း လေးလေးနက်နက်ပြောပါရစေ။ ကျွန်တော့်ဆီမှာ လင့်ချိတ်ထားပါမယ်။ ခွင့်ပြုမယ်လို့ထင်ပါတယ်။

    ReplyDelete
  2. ကဗျာတွေ လာဖတ်ပါတယ်..

    ReplyDelete
  3. ကဗျာကောင်းလေး ဖတ်သွားပါတယ်ဗျာ
    ခင်မင်လေးစားလျှင် (လွမ်းပိုင်ရှင်)

    ReplyDelete
  4. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete