Wednesday, June 30, 2010

ချစ်အဖြေလေး ပေးမယ်ဆို

ချင်းရိုးရာဓလေ့လေးတစ်ခုကို မေ တို့သိဖို့ လက်ဆင့်ကမ်းလိုက်တယ်နော်..
မိန်းကလေးတိုင်း အချိန်တန် အရွယ်ရောက်ရင် ချစ်ခွင့်ပန်ခံကြရမှာပါ..။
အဲလို ကြုံလာရင် ကိုယ့်ရင်ထဲက အခြေအနေကို နှုတ်နဲ့ဖွင့်ပြောဖို့များ ခက်ခဲနေမယ်ဆိုရင်ဖြစ်ဖြစ်၊ ကိုယ့်ချစ်သူယောင်္ကျားလေး ကို ဘယ်လောက်ဗဟုသုတရှိကြောင်း စမ်းသပ်ချင်ရင် ဖြစ်ဖြစ် ဒီနည်းလေးကို သုံးကြည့်ပေါ့..။
ချင်းရိုးရာမှာတော့ မိန်းကလေးတွေက ကောင်လေးတွေကိုပြန်အဖြေပေးတဲ့အခါ ဆေးလိပ်လေးတွေ ကမ်းကြပါတယ် တဲ့..။
(၁) ဆေးလိပ်မှာ အဖြူရောင်ကြိုးလေးနဲ့ နှစ်ပတ်ရစ်ပေးရင်..ရိုးရိုးသားသားခင်တာပါ
(၂) အဖြူရောင်ကြိုးနဲ့ တစ်ပတ်ရစ်ပေးတော့ ..မင်းငယ်သေးတယ် လက်မခံနိုင်ဘူး
(၃) အဖြူရောင်ကြိုးနဲ့ သုံးပတ်ရစ်ပေးတော့...ရှင့်မှာ မိန်းမ ရှိတယ် ရှင့်ကိုလက်မခံဘူး..။
(၄) အစိမ်းရောင်ကြိုးလေးနဲ့ ပတ်ပေးတော့..စိတ်ဝင်စားပါတယ်..တဲ့
(၅) အ၀ါရောင်ကြိုးလေး....လွမ်းဆွတ်နေတယ် .
(၆) အနီရောင်ကြိုးလေးနဲ့ ပေးရင်တော့ ..မုန်းတယ် ဆိုတာပါ..
(၇) အမည်းရောင်ကြိုး..ရှင်မချစ်လို့ စိတ်ညစ်နေတာပါ ဆိုပဲ
(၈) ပန်းရောင်ကြိုး ..ကျန်းမာရေးမကောင်းပါဘူးတဲ့
(၉) အပြာရောင်ကြိုး..တွေ့ချင်လို့လာခဲ့ပါ
(၁၀) ဆံပင်လေးနဲ့ချည်ထားရင်တော့ ..နှစ်ယောက်ထဲ တွေ့ချင်တယ် လို့ပြောတာပေါ့ရှင်
(၁၁) နှစ်လိပ်ပူးလေး ပေးလိုက်ရင် ..အတူနေချင်ပြီ လို့ပြောလိုက်တာပါပဲ
(၁၂)နှစ်လိပ်ပူးပြီးအခြားဆေးလိပ်တွေနဲ့ပေးလိုက်ရင်တော့..ကြိုက်သူတွေဝိုင်းဝိုင်းလည်နေပေမယ့် ကျွန်မ ရှင့်ကိုပဲ ချစ်ပါတယ် တဲ့ရှင်..။

(ကျွန်မလဲ ဖတ်ဖူးတာလေး ဝေမျှလိုက်တာပါ . ဗဟုသုတပေါ့လေ)

9 comments:

  1. အဲလိုသာဆို အဲဒီမှာတောင် နေချင်စိတ်ပေါက်လာပြီ။ သူတို့ ဘာအဓိပ္ပါယ်နဲ့ပဲ ပို့ပို့ ကိုယ်ကတော့ ဆေးလိပ်သောက်ရတာ အမြတ်ပဲ။ ၁၀ယောက်လောက်ကို လိုက်ပြောလိုက်ရင် ဆယ်လိပ်အထက် ပြန်ရနိုင်တယ်။ ဒါမျိုး။ ။

    ReplyDelete
  2. အဟဟ..

    အပေါ်ကတယောက်တော့ အားကျသွားပြီ...

    ချစ်အမ

    (ဘယ်သူလဲ မှန်း...ငှဲငှဲ)

    ReplyDelete
  3. ဆယ်ယောက်လောက်ပြောပြီး ဆယ်ယောက်အထက် ပြန်ရမယ်ဆိုရင်တော့ သေချာတယ်

    ကလေးအမေတွေဖြစ်မယ်

    ReplyDelete
  4. ကလေးအမေဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့။ ဒီကောင်ကြီးက သူတို့ သောက်ချင်တာမှ မဟုတ်တာ။ ဆေးလိပ်ပဲ သောက်ချင်တာကို။ ဒါမျိုး။
    ကဗျာလေးတောင် သွားအမှတ်ရလိုက်သေးတယ်။
    ဘာတဲ့......
    မဝယ်ဘူး မယ်ခူးတဲ့ ဖတ်စို
    မီးမကူ နေပူမှာ မလှန်းနိုင်တာကြောင့်
    ဖျာအောက်မှာ ထားအိပ်ရတယ်..
    မင်းးးး သောက်ဖို့ကို။ ။
    တဲ့ဗျ။
    ဘာတဲ့..တုန်းဟေ့။

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. ဖိုးချမ်း

    ဆေးလိပ်က လိုင်စင်မဲ့လား ဘာလား လုပ်အုံးဟ

    ReplyDelete
  7. 25 လိပ်စည်းတို့ အလိပ် ၅၀ စည်းတို့ ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ ..

    ReplyDelete
  8. ကလေး ၂၅ယောက်မွေးမယ် ဆိုတာနဲ့တူတယ်
    သိဝူးလေ
    ဟဲ ဟဲ

    ReplyDelete